မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး‌ဟောပြောပွဲ ဆောင်ရွက်

မိုင်းလုံ နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး‌ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်ခန့်တွင် ဟောပြောခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် အထက်တန်းပြဆရာမ ဒေါ်ဝင့်ဇာလီအောင်ကနှစ်စဉ် အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားများကျင်းပရခြင်း၏ သမိုင်းကြောင်းမှာ မြန်မာပြည်သူအများ တက္ကသိုလ်ပညာသင်ကြားနိုင်ရေး ကန့်သတ်ပိတ်ပင်ထားသည့် ယူနီဗာစတီအက်ဥပဒေကို ရေးဆွဲပြဌာန်းခဲ့ချိန်၊ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် (၁၉၂၀ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်ကျောင်းသားများက ယူနီဗာစတီအက်ဥပဒေကို စတင်သပိတ်မှောက်ခဲ့ရာမှ ကျောင်းသားသပိတ်သည် နိုင်ငံတစ်နှံ့တစ်လျား ပျံ့နှံ့ရိုက်ခတ်သွားခဲ့သည်။ အမျိုးသားစိတ်ဓာတ်နိုးကြားလာသော ပထမကျောင်းသားသပိတ်မှ ဂျီစီဘီအေ (မြန်မာပြည်လုံးဆိုင်ရာ ကွန်ဖရင့်ကြီးပေါ်ပေါက်လာလျက် ပြည်သူတရပ်လုံး၏ အမျိုးသားရေးနိုးကြားမှုကို ဦးဆောင်လမ်းပြနိုင်ခဲ့သည် ကျွန်ပညာကိုအံတုသော ပထမကျောင်းသားသပိတ်ပေါ်ပေါက်ရာ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့ကို အမျိုးသားနေ့အဖြစ်သတ်မှတ်လာခဲ့ရာ ယခုဆိုလျှင်(၁၀၂)နှစ် တိုင်ခဲ့ပြီဖြစ်ရာ အမျိုးသားနေ့သည် အခြားသောနေ့ကြီးများနည်းတူ မြန်မာတစ်မျိုးသားလုံး မမေ့အပ်သောနေ့တစ်နေ့ဖြစ်ကြောင်းအစရှိသည့် အသိပညာဗဟုသုတရရှိစေရန် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား အမျိုးသားနေ့နှင့်သက်ဆိုင်သော စာစီစာကုံးပြိုင်ပွဲကို ယနေ့နေ့လည်ပိုင်းအချိန်တွင် ဆောင်ရွက်ပေးမည့်အကြောင်းကို  ကျောင်းအုပ်ဆရာမကြီးထံက သိရသည်။    

ဇော်ဇော်(ပြန်/ဆက်)