ပုသိမ်ကြီးမြို့နယ်တွင် "လူငယ်နှင့်မူးယစ်ဆေးဝါး "အကြောင်းအသိပညာပေး Talk Show ပြုလုပ်

ပုသိမ်ကြီး နို၀င်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် "လူငယ်နှင့်မူးယစ်ဆေးဝါး" အသိပညာပေးTalk Show ကို ယနေ့နံနက် ( ၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် Book Club အဖွဲ့၀င် ကိုညီ၀င်းတို့က မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ၊ မြန်မာနိုင်ငံ တွင် လူငယ်များအကြား ပုံစံအမျိုးမျိုးဖြင့် စိမ့်ဝင်ပြန့်နှံမှုများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ နောက်ဆက်တွဲ ဆိုးကျိုးလက္ခဏာများ၊ ပြဌာန်းထားရှိသည့် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေ များနှင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးကာကွယ်ထိန်းချုပ်ရေးအတွက် လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)