နွားထိုးကြီး နိုဝင်ဘာ ၁၆
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ (၁၀၂) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူလူထုများအား အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၂ ခုနှစ်၊ (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားရေးအားမာန်၊ လူငယ်တွေရဲ့ခေတ်၊ ရန်ကုန်ယူနီဗာစီ တီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသား(၁၁)ဦး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာမှ မိန့်ခွန်းကောက်နုတ်ချက်၊ ကာတွန်းကဗျာ၊ ဆောင်ပုဒ်များ စသည့်အကြောင်းအရာများ ပါဝင်သည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သတင်းစကားလက်ကမ်းစာစောင် (၄၅၀) စောင်ကို ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
သန်းအောင်ဇော်