မောင်တော နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲအထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉ နာရီ က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ သည်။
ထိုသို့ ဆောင်ရွက်တွင် ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲအား ကျင်းပပြုလုပ်ရာ အခြေခံပညာ အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများမှ အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၉ ဦး ၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး နှင့် ပန်းချီပြိုင်ပွဲတွင် အထက်တန်းကျောင်း သား၊ ကျောင်းသူ ၉ ဦး ၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးတို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား (၁၀၂) နှစ်မြောက် အမျိုးသား အောင် ပွဲအထိမ်းအမှတ်နေ့ အခမ်းအနားတွင် ဆုများအသီးသီးချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် (ပြန်/ဆက်)