တနိုင်း နိုဝင်ဘာ ၁၆
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) စာဖတ်ဝိုင်း၊ ကဗျာရွတ်၊ ဂိမ်းကစားပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲများကို နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝါဦးက ကျောင်းသား/သူများ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်းကို မမေ့မလျော့ကြစေရန်နှင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များ ရင်ထဲတွင်ထာဝရစဉ် ကိန်းအောင်းနေစေရန် ရည်ရွယ်၍ အဆိုပါပြိုင်ပွဲများ ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မူလတန်းအဆင့် ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ဂိမ်းကစားပြိုင်ပွဲများအား ဆက်လက်ကျင်းပရာ အနှိုင်းမဲ့ရင်ခွင်(ဘက)ကျောင်းမှ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပန်းအိ(တနိုင်း)