ဇမ္ဗူသီရိမြို့နယ်၌ “အမျိုးသားအောင်ပွဲနေ့အကြောင်းသိကောင်းစရာများ အသိပညာပေး” Talk Show ကျင်းပ

ဇမ္ဗူသီရိ နိုဝင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီက  အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုး၊ စာရေးဆရာခိုင်မင်း (နေပြည်တော်)တို့က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗြိတိသျှတို့ပြဋ္ဌာန်းလိုက်သော ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေပါအချက်များ၊ ဗြိတိသျှအစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ၏ ပညာရေးစနစ်အား ဖိနှိပ်ချုပ်ချယ်မှုများစွာဖြင့် ရေးဆွဲပြဋ္ဌာန်းလိုက်သည့် တက္ကသိုလ်ဥပဒေကို စတင် သပိတ်မှောက်တော်လှန်ခဲ့သည့် အကြောင်းများ၊ အမျိုးသားကျောင်းများ တည်ထောင်ရသည့် အကြောင်းအရင်းများနှင့် ပတ်သက်သည့်သိကောင်းစရာများကို အကျယ်တဝင့် ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)