ပုသိမ်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်ဟောပြောပွဲ ပြုလုပ်

ပုသိမ်ကြီး နို၀င်ဘာ ၁၅

(၁၀၂) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ဟောပြောပြိုင်ပွဲများ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများစွာရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေးများထက်မြက်လာစေရေးနှင့် ပြည်သူ့စာကြည့်တိုက်များ၊ ကျောင်းစာကြည့်တိုက်များကို ကျွမ်းကျင်စွာ အသုံးပြုတတ်စေရေးတို့အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းပြောကြားပြီး မြို့နယ်ဒုတိယဦးစီးမှူးမှ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံနှင့် လူငယ်လူရွယ်များ မျိုးချစ်စိတ်ဓါတ်မြင့်မားစေရေး အသိပညာပေးဟောပြောခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ပြည်သူ့စာကြည့်တိုက်ကို လာရောက် အသုံးပြုနေသည့် စာငှား၊ စာဖတ်ပရိသတ်များနှင့် ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)