(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား ကျောင်းများတွင်ဖြန့်ဝေ

မိုင်းရယ် နိုဝင်ဘာ ၁၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကထုတ်ဝေသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နေ့လည်(၁)နာရီက မိုင်းရယ်မြို့ပေါ်ကျောင်းများတွင် ဖြန့်ဝေပါသည်။

အဆိုပါ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/သူများအား ကောင်းမွန်မှန်ကန်သော မျိုးချစ်စိတ်ဓါတ်၊ တိုင်းပြည်ချစ်စိတ်ဓါတ်များ ထာဝရရှင်သန်ထက်မြက်စေရန်ရည်ရွယ်၍ မိုင်းရယ်မြို့ပေါ် အထက၊ အလက၊ မူလွန်ကျောင်းများရှိ ကျောင်းသား/သူများလက်ဝယ်အရောက် မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများကဖြန့်‌ဝေပေးခဲ့ ပါသည်။

အဆိုပါ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားရေးအားမာန်ဆောင်းပါး၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းမှ လူငယ်တွေရဲ့ခေတ်အကြောင်းကောက်နုတ်ချက်၊ ၂၀၂၂ ခုနှစ် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်များ၊ ကဗျာများပါဝင်ပါသည်။

မိုင်းရယ်(ပြန်/ဆက်)