နမ့်စန်(တ) နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာအုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လည် ၁ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဆောင်ရွက်ခဲ့ရာ အမှတ်(၅)ရပ်ကွက် အခြေခံပညာအထက်တန်း ကျောင်းခွဲမှ ဆရာ/ ဆရာမများနှင့်ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာအောင်က မြန်မာနိုင်ငံ၏ အထိမ်းအမှတ်နေ့များ၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံနှင့် ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များတို့ကို အသိပညာပေးဟောပြောခဲ့ပြီး အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာအုပ်ပြပွဲဆောင်ရွက်ခဲ့သည်။
ထိုနောက် ဟောပြောပွဲတက်ရောက်လာကြသော ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများက သုတ/ရသစာအုပ်များငှားရမ်းပေး၍ စာဖတ်ဝိုင်းများဆောင်ရွက်ပေးခြင်း၊ အရုပ်ပုံဆေးရောင်ခြယ်ခြင်းစသည်တို့ကိုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)