ခိုလမ်မြို့ အ.မ.က (မူလွန်)ဝမ်ဖွီးကျောင်းသို့  Mobile Library စနစ်ဖြင့် စာအုပ်ငှားရမ်း‌ခြင်းများ သွားရောက်ဆောင်ရွက်

ခိုလမ် နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ၀န်ထမ်းများသည် ယနေ့နံနက်(၁၁:၀၀)နာရီအချိန်က အခြေခံပညာမူလွန်ကျောင်းသို့ သွားရောက်၍ Mobile  Library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ သွားရောက်ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်သို့ မလာရောက်နိုင်သော ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ရေး၊ စာဖတ်ရှိန်တိုးတက်မြှင့်မားရေး၊ ပြင်ပဗဟုသုတများနှင့်ကျန်းမာရေး၊ ပညာရေး၊ အားကစားရေးရာကဏ္ဍများကို အဆင်ပြေပြေလေ့လာဖတ်ရှုနိုင်​ရေးနှင့်အဖက်ဖက်မှ ဖွံဖြိုးတိုးတက်သည့် နိုင်ငံသားကောင်းလူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ စီစဉ်ဆောင်ရွက်ပေးကြောင်း သိရသည်။

နေလင်းထွန်း(ခိုလမ်)