ခိုလမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဝမ်ဖွီးကျောင်းအုပ်စု (သင်္ချာ၊ အင်္ဂလိပ်) စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ခိုလမ် နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဝမ်ဖွီးကျောင်းအုပ်စု(သင်္ချာ၊ အင်္ဂလိပ်)စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၀:၃၀)အချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းကျောင်းအုပ်ဆရာကြီး ဦးစိုးအောင်မှ ‌ပြိုင်ပွဲ‌ဝင်ကျောင်းသား/ကျောင်းသူများကို မိမိတို့ ဉာဏ်စွမ်းရှိသမျှ‌ ‌ ဖြေဆိုကြရန်နှင့်ပြိုင်ပွဲအတွင်း လိုအပ်သော စာရေးကိရိယာများကို စနစ်တကျစီစဉ်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စွမ်းရည်ပြိုင်ပွဲသို့ အခြေခံပညာအထက်တန်းကျောင်း လက်အောက်ရှိကျောင်းပေါင်းစုံမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၀)ဦးဝင်ရောက်ဖြေဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

နေလင်းထွန်း(ခိုလမ်)