မံစီမြို့နယ်၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အသိပညာပေး ဟောပြောပွဲကျင်းပ

မံစီ နိုဝင်ဘာ ၁၅

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အသိပညာပေး ဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း (မံစီ) ဖုန်ကန်ဒူဝါခန်းမနေ့ ၁၅ ရက် နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။ 

အဆိုပါဆုချီးမြှင့်ပွဲတွင် မြို့နယ်အဆင့် ပြိုင်ပွဲများတွင် ဆုများရရှိခဲ့သည့် ကျောင်းသားကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရဲကျော်ဌေး၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်မာဆွေနှင့် အခြေခံပညာ အထက်တန်းကျောင်း (မံစီ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းဝေတို့က ဆုများကို အသီးသီး ချီးမြှင့်ခဲ့ကြပြီး အသိပညာပေး ဟောပြောပွဲတွင် အခြေခံပညာ အထက်တန်းကျောင်း (မံစီ)  ကျောင်းအုပ်ဆရာမကြီးက တက်ရောက်လာသည့်    ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများ

ကိုအမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းနှင့် ကျောင်းသားကျောင်းသူ လူငယ်များတွင် ထားရှိရမည့် အမျိုးသားရေးစိတ်ဓာတ်နှင့်   မျိုးချစ်စိတ်ဓာတ်များ အကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။