နမ့်စန်(တ) နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁၇ရက်နေ့၌ ကျရောက် မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ထုတ်ဝေသည့် ‘သတင်းစကား’ လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၉နာရီခွဲတွင် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အမှတ်(၅)ရပ်ကွက်ရှိ အထက(ခွဲ)၊ (၅)ရပ်ကွက်ကျောင်းနှင့် အမှတ်(၂)ရပ်ကွက်ရှိ အထက(နမ့်စန်)ကျောင်းများသို့ သွားရောက်၍ ဆရာ/ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများကို ‘သတင်းစကား’ လက်ကမ်းစာစောင် စုစုပေါင်း စောင်ရေ (၅၅၀ ) ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း ၂၃.၁.၁၉၄၆ ရက်နေ့ ဖဆပလပြည်လုံးကျွတ်ညီလာခံကြီးတွင် တင်သွင်းသော ညီညွတ်ရေးအဆိုမှ ကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၈.၁၁.၂၀၂၁ ရက်နေ့တွင် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ၂၀၂၂ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ အမျိုးသားရေးအားမာန်၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ် မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး အမည်၊ ဘိုမျိုး(ရွှေဘို)၏ သူ့ကျွန်မခံအမျိုးသားမာန်ကဗျာနှင့် အသိပညာပေးကာတွန်းတို့ ပါဝင်ကြောင်း သိရသည်။
မြို့နယ်