မိုင်းတုံ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက စာသင်ကျောင်းများသို့ နယ်လှည့်ဟောပြောပွဲ၊ စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က ကျောင်းသား၊ ကျောင်းသူများကို နယ်လှည့်ကွင်းဆင်းဆောင်ရွက် ပေးခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြီးနောက် " လူကုန်ကူးမှု ကာကွယ်တာဆီးရေး အသိပညာပေး" ခေါင်းစဉ်ဖြင့် ဟောပြောသည်။ ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများကို ဝန်ထမ်းများသယ်ဆောင်လာသော သုတ/ရသစာအုပ်များဖြင့် စာဖတ်ဝိုင်း ပြုလုပ်ပေးခြင်း၊ စာအုပ်များငှားရမ်းပေးခြင်း၊ လူကုန်ကူးမှုကာကွယ်တားဆီးရေးနှင့် ကိုဗစ် -၁၉ ကာကွယ်တားဆီးရေး အသိပညာပေးနံရံကပ် စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများအား ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေပြီး မှတ်သားထားတတ်သည့် အလေ့အထရရှိစေရန် ရည်ရွယ်ပြီး ပြသပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
(မိုင်းတုံ၊ပြန်/ဆက်)