(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုင်းရှူး နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်(၁၀)နာရီက မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့က "မျိုးချစ်စိတ်ဓါတ်အစ အမျိုးသားနေ့က" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးတို့က "အမျိုးသားနေ့နှင့်သမိုင်းပေးတာဝန်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၁)ဦးတို့က "အမျိုးသားနေ့တို့မမေ့" ခေါင်းစဉ်ဖြင့်လည်းကောင်း စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၉)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ ဆက်)