ပုသိမ်ကြီးမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာစီစာကုံး၊ ကဗျာ ပြိုင်ပွဲများကျင်းပ

ပုသိမ်ကြီး နိုဝင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင်၂၀၂၂-ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာစီ စာကုံး၊ ကဗျာ ပြိုင်ပွဲများကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက အထက ပုသိမ်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများက လည်းကောင်း၊ ကဗျာပြိုင်ပွဲများကို အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများကလည်းကောင်း အသီးသီးဖြေဆိုခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ ဆုများကို ၂၀၂၂-ခုနှစ်၊ ၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ဆုရရှိသော ကျောင်း သားကျောင်းသူများအား တာဝန်ရှိသူများက ချီမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 မြို့နယ်ပြန်/ဆက်