ဝိုင်းမော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲကျင်းပ

ဝိုင်းမော် နိုဝင်ဘာ ၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် နိုဝင်ဘာလ (၁၇) ရက်၊ တန်ဆောင်းမုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သိ‌‌ကောင်းစရာ  Talk Show ကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်မှ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း‌ပြောကြားပြီး အမှတ် (၁)  အခြေခံပညာအထက်တန်းကျောင်းမှ   အထက်တန်းပြဆရာ    ဦးကျော်မင်းထက်မှ အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များဆောင်ပုဒ်၊ အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ၊ အမျိုးသားနေ့၏ အကျိုးရလဒ် ရရှိလာပုံ၊ အမျိုးသားရေး စိတ်ဓာတ်၊ အမျိုးသားဆိုသည့် စကားလုံး၏အဓိပ္ပါယ် စသည့်အကြောင်းအရာတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ဖြူစင်(ပြန်/ဆက်)