သုံးခွမြို့နယ် သိုက်တူးကန်ကျေးရွာ အ.ထ.က (ခွဲ)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နည်လှည့်ကွင်းဆင်း ဆောင်ရွက်

သုံးခွ နို၀င်ဘာ ၁၅

ရန်ကုန်တောင်ပိုင်းခရိုင်  သုံးခွမြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကျောင်းသား/သူလေးများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် စာပေမှအသိပညာဗဟုသုတများ တိုးပွားရရှိလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉နာရီအချိန် က သိုက်တူးကန်ကျေးရွာ ..က(ခွဲ) ကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဌေးနိုင် က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ  ဒေါ်တင်တင်ထွေး က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများ၊ စာဖတ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်းနှင့် စာပေဖတ်ရူ့ခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားစေဖို့အတွက် ယခုလို ဟောပြောပွဲတွေကို ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် သားငယ်သမီးငယ်လေးများ အနေဖြင့် ကျောင်းစာအပြင် ဗဟုသုတရရှိမည့် စာပေများကိုလည်း ဖတ်ရူ့သင့်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး စာစောင်၊ လူကုန်ကူးမှု အသိပညာပေးစာစောင်များနှင့် ၂၀၂၂-၂၀၂၃ ပညာရေးဆိုင်ရာ ကိစ္စရပ်အကြောင်း သိကောင်းစရာများကို စိတ်ဝင်စားစွာ ကြည့်ရှုကြပြီး သုတ၊ရသ စာအုပ်များကို စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)