တံတားဦးမြို့နယ် မြို့နယ်ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ပုံပြင်ပြောပွဲကျင်းပ

တံတားဦး နိုဝင်ဘာ  ၁၅

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်(Community Centre )ခန်းမတွင် ၂၀၂၂-ခုနှစ် နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ကို ယနေ့မွန်းလွဲ(၁)နာရီခွဲက၌  ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က ကျောင်းသား/သူများအား အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရေး၊ အသိပညာဗဟုသုတတိုးပွားရေး၊ နေ့ထူးနေ့မြတ်များ သိရှိစေရေးနှင့်နှင့် အမျိုး သားအောင်ပွဲနေ့အကြောင်းအရာများနှင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာများ  သိရှိစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ မြို့မအခြေခံပညာအလယ်တန်းကျောင်းသား./သူ(၂၀)ဦးတို့က အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်ပြီး မိမိတို့လေ့လာမှတ်သားထားသည် ပုံပြင်များကို ယှဉ်ပြိုင်ကြရာမြို့နယ်ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်များပေးအပ်ကြကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)