မာန်အောင်မြို့နယ်၌ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

မာန်အောင် နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကြည်ကြည်ဝင်းက Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်ကို  ရှင်းလင်းပြီး ကျောက်ကုန်းပလင်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်းအုပ်ဆရာကြီး  ဦးထွန်းအောင်မှ အမျိုးသားနေ့ပေါ်ပေါက်လာပုံ၊ အမျိုးသားနေ့၏အကျိုးရလဒ်၊ အမျိုးသားရေးစိတ်ဓါတ်၊ အမျိုးသားဆိုသည့်စကားလုံး၏အဓိပ္ပါယ် စသည့်အကြောင်းအရာတို့ကို  အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့သည်။

မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် နံရံကပ်စာစောင်ပြသခြင်း၊ Online အသိပညာပေးဝန်ဆောင်မှုပေးခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းဖေ