ငါန်းဇွန် နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ နိုဝင်ဘာ ၁၇ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲ ၁၂နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျောင်းသားကျောင်းသူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ “လူငယ်တွေရဲ့ခေတ်” ခေါင်းစဉ်ဖြင့် ၂၃-၁-၁၉၄၆ ရက်နေ့၊ ဖဆပလပြည်လုံးကျွတ် ညီလာခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားသည့် မိန့်ခွန်းကောက်နုတ် ချက်၊ “မှန်ကန်သော မျိုးချစ်စိတ်ဓာတ်များရှိရန် အထူးလိုအပ်”ခေါင်းစဉ်ဖြင့် ၂၈-၁၁-၂၀၂၁ရက်နေ့ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္က နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ “အမျိုးသားရေးအားမာန်”ခေါင်းစဉ်ဖြင့် ဆောင်းပါးတို၊ ရန်ကုန်ယူနီသဗာစီတီအက်ဉပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသောကျောင်းသားကြီး(၁၁)ဦး၏အမည်များ၊ “သူ့ကျွန်မခံ အမျိုသားမာန်” ကဗျာများ ထည့်သွင်းဖော်ထားကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)