ဆဒုံးမြို့၊ လူထုအခြေပြုဗဟိုဌာန၊Community Centre ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အသိပညာပေး (TALK SHOW) ကျင်းပ

ဆဒုံး နိုဝင်ဘာ ၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက (၁၀၂) နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဥ် ကျင်းပပြုလုပ်ခဲ့သည်၊၊

ဆွေးနွေးပွဲတွင် ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ခင်မာဝင်း က TALK SHOW အစီအစဥ်ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ဆဒုံးမြို့၊ အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမဒေါ်ဇော်မားဝူက အမျိုးသားနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားအောင်ပွဲနေ့၏ ဦးတည်ချက်များနှင့် ဆောင်ပုဒ်၊ မျိုးချစ်စိတ်ဓာတ်များ နိုးကြားလာကာ မြန်မာ့လွတ်လပ်ရေးကို အရယူသည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊ မြန်မာနိုင်ငံ၏ အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် အကြိမ်ကြိမ် ဆွေးနွေးခဲ့မှုများ၊ အမျိုးသားအောင်ပွဲနေ့ကို သတ်မှတ်ခဲ့ပြီး နှစ်စဥ်ကျင်းပခဲ့မှုများ၊ အနာဂတ်လူငယ်များအနေဖြင့် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် ဂုဏ်ကျေးဇူးများကို မမေ့မလျော့ လက်ဆင့်ကမ်း အလေးအမြတ်ထားကြရန်နှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံ အမျိုးသားရေးစိတ်ဓာတ် ကိန်းအောင်းခဲ့ရာမှ အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်ကို နှစ်စဥ်တန်ဆောင်မုန်း လဆုတ် (၁၀) ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့သည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်၊၊

ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံပြည်သူများ စာပေအသိပညာနှင့် ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် အသိပညာပေး TALK SHOW ဆွေးနွေးပွဲများ၊ ပြည်သူများအကျိုးရှိစေမည့် ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဥ်ဆက်မပြတ် ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်၊၊

ခင်မာဝင်း(ဆဒုံး)