ချမ်းအေးသာစံမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ချမ်းအေးသာစံ  နိုဝင်ဘာ  ၁၅

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေး၊ ချမ်းအေး သာစံမြို့နယ်ရှိ အမှတ် (၁၆) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ သတင်းစကားလက်ကမ်း စာစောင်တွင်  အမျိုးသားအားမာန်၊ အမျိုးသားနေ့ ဦးတည်ချက်များ၊  ပညာရေးမျှော်မှန်းချက်၊ လူငယ်တွေရဲ့ ခေတ်၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဠာန်ပြုကြသော ကျောင်းသားကြီး ၁၁ ဦး၊ မှန်ကန်သော မျိုးချစ်စိတ် ဓာတ်များရှိရန်  အထူးလိုအပ်၊”အမျိုးသားအောင်ပွဲနေ့ “အထိမ်းအမှတ်ဂုဏ်ပြု  ကာတွန်း၊ကဗျာနှင့် ဆောင်ပုဒ်များနှင့် ပါတ်သက်သည့်  သိမှတ်ဖွယ်ရာများကို ကဏ္ဍစုံလင်စွာဖော်ပြထားကြောင်းသိရသည်။

ထိပ်ထားနိုင်