ညောင်ဦး နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင်ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအ ထက်တန်းကျောင်း(ညောင်ဦး)တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/များကိုဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အမျိုးသားရေးအားမာန်၊ လူငယ်တွေရဲ့ခေတ်၊ ရန်ကုန်ယူနီဗာစတီအက်ဥပဒေကိုသပိတ်မှောက်ရန် သစ္စာအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ မှန်ကန်သောမျိုးချစ်စိတ်ဓာတ်များရှိရန် အထူးလိုအပ်ကြောင်း၊ ပညာရေးဖြင့်ခေတ်မီနိုင်ငံတော်ကြီးတည်ဆောက်အံ့၊ သူ့ကျွန်မခံအမျိုးသားအားမာန်၊ ၂၀၂၂ ခုနှစ် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့ တိုင်းရင်းသားစည်းလုံးညီညွတ်စို့၊ အချက်များပါသည့် သတင်းစကားလက်ကမ်းစာစောင်များကို ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စန်းယုမော် (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်ကာ ဝန်းထမ်းများ ဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဝေငှပေးခဲ့ကြောင်းသိရကာ ဆက်လက်၍ ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၊ ပုဂံမြို့အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကြေးမုံ