သီပေါမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်

သီပေါ နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီ အချိန်က စာပေချစ်မြတ်နိုးသူများအသင်း(Book Club)၊ အမျိုးသမီးအသင်း(Women Club)နှင့် လူငယ်အသင်း (Youth Club)တို့ ပူးပေါင်း၍  ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး နောက်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် ဦးစိုင်းဆိုင်လောဝ်က စာရေးသူ ဒေါက်တာ မြင့်သန်းထွန်း(ပြည်သူ့ကျန်းမာရေး) ၏ “ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဗဟုသုတအဖြာဖြာ ကျန်းမာရေး ဆောင်းပါးများ” စာအုပ်မှ နေ့စဉ်စားသုံးနေသော စားသုံးဆီများနှင့်ကျန်းမားရေး အသိပညာပေး ဆောင်းပါးအား ဦးဆောင်ဆွေးနွေးခဲ့ပြီး စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင် ဦးနေလင်းက “ကျန်းမာရေးကိုဒုက္ခပေးသော အစာစားချိန်မမှန်ခြင်း ဆောင်းပါး” ကိုလည်းကောင်း၊ (Women Club)အဖွဲ့ဝင် ဒေါ်ဝိုင်းသူဇာခင်၊ လူငယ်အသင်း (Youth Club)အဖွဲ့ဝင် မယွန်းပြည့်ဖူးငုံ၊ မလင်းလက်သော်တာတို့က “ကြံ့ခိုင်ကျန်းမာစေရန် နေထိုင်စားသောက်ရမည့် အချက်များ ဆောင်းပါး”ကိုလည်း ကောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါ အသိပညာပေးဆွေးနွေးပွဲများကို စာပေဝါသနာရှင်များ၊ ဖွဲ့စည်းထားသော Club အသင်းအဖွဲ့ဝင် များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)