ရမ်းဗြဲ နိုဝင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၂ ခုနှစ် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရမ်းဗြဲမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပကြသည်။
အဆိုပါ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို “အမျိုးသားအောင်ပွဲနှင့်လူငယ့်တာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် “အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်တွင် “အမျိုးသားနေ့ဒို့မမေ့” ခေါင်းစဉ်ဖြင့်လည်းကာင်း၊ ကဗျာပြိုင်ပွဲကို အထက်တန်းအဆင့်တွင် “အမျိုးသားအောင်ပွဲနှင့်လူငယ့်တာဝန်” ခေါင်းစဉ်နှင့်အလယ်တန်းအဆင့်တွင် “အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်” ခေါင်းစဉ်တို့ဖြင့် ကျင်းပရာ ထက်/လယ်/မူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၅၉) ဦးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုသို့ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ဆရာ/ဆရာမများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လာရောက်ကြီးကြပ်ပေးကြပြီး ပြိုင်ပွဲတွင်ဆုရရှိကြသော ကျောင်းသား/ကျောင်းသူများကို ၂၀၂၂ ခုနှစ်၊ နိုင်ဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရာတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်နိုင်(ပြန်/ဆက်)