မိုင်းငေါ့ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ၂၀၂၂ခုနှစ် နိုဝင်ဘာလ (၁၇) ရက် နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အားကြိုဆို ဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် (၁၀)နာရီအချိန်က မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးခန်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းကိုလည်းကောင်း၊ မိုင်းငေါ့မြို့ အ.မ.က မန်လုံကျောင်းမှ ဆရာဦးအာကာမင်းက အမျိုးသားနေ့တို့မမေ့ခေါင်းစဉ်ဖြင့် လည်းကောင်း အသီသီး အသိပညာပေးဟောပြောခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲ အခမ်အနားသို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၂၁ ) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)