မန္တလေး နိုဝင်ဘာ ၁၅
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလွန်ကျောင်း အမှတ်(၂၀)တို့ ပူးပေါင်းပြီး(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် လူထုအခြေုပြုဗဟိုဌာန စာကြည့်တိုက်ခန်းမ ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသားကျောင်းသူများအား မိမိတို့ဖတ်ရှုထားသည့် စာပေအကြောင်းအရာများကို စံနစ်တကျပြန်လည်ဆွေးနွေးတတ်စေရန်၊ စာပေ ဖတ်ရှုရုံသာမက လေ့လာမှတ်သားတတ်စေရန်၊ စာတစ်ပုဒ်အပေါ်ဖတ်ရှုပြီး ရရှိသည့်အကျိုး ကျေးဇူးများ၊ အတွေးအခေါ်များကို မျှဝေတတ်စေရန်၊ စုပေါင်းဝိုင်းဖွဲ့ပြီးစာပေဖတ်ရှုတတ်သည့် အလေ့အထရရှိစေရန်၊ အနာဂတ်နိုင်ငံတော်အတွက် စာပေဗဟုသုတနှင့် ပြည့်စုံကြွယ်ဝသော ခေါင်းဆောင်ကောင်းများပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
အဆိုပါပြိုင်ပွဲသို့ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် မူလွန်(၂၀)မှ ကျောင်းသား၊ကျောင်းသူ (၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)