စဉ့်ကိုင် နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာနတွင် ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ၊ဒေါ်ဝင်းဝင်းသန်းက အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသားကျောင်းသူများ မိမိနိုင်ငံ၏ နေ့ထူးနေ့မြတ်များ ကို အလေးထား သတိရရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲအား အနာဂါတ်လူငယ်များ မြန်မာနိုင်ငံသမိုင်းကြောင်းဖြစ်စဉ်များကို သိရှိနားလည်စေရန်နှင့် အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဉက္ကဋ္ဌ စာရေးဆရာရှေ့နေ့ ဦးဝင်းကြည်က အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို စဉ့်ကိုင်မြို့နယ်အတွင်းရှိ၊အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များကို တက်ရောက်လာသော၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မိဘပြည်သူများကစိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော့မူယာမောင်(ပြန်/ဆက်)