ကာလိ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း ၊လွိုင်လင်ခရိုင်၊ ကာလိမြို့ ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် သတင်းစားကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ကာလိမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က အမျိုးသာနေ့ဆောင်ပုဒ်များ၊ ဦးတည်ချက်များ၊ အမျိုးသားနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ ထာဝရရှင်သန် ထက်မြက်စေရေး အကြောင်းအရာများ အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အမျိုးသားရေးအားမာန်၊ လူငယ်တွေရဲ့ခေတ်၊ ရန်ကုန်ယူနီဗာစီတီအက် ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ မှန်ကန်သော မျိုးချစ်စိတ်ဓာတ်များရှိရန် အထူးလိုအပ်ကြောင်း ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့၊ သူ့ကျွန်မခံ အမျိုးသားမာန်၊ ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့ တိုင်းရင်းသားစည်းလုံးညီညွှတ်စို့ စသည့်အချက်များ ပါဝင်သည့် သတင်း စကား လက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများသို့ စောင်ရေ (၁၅၀) အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ထင်ထင် (ကာလိ၊ပြန်/ဆက်)