ဆဒုံးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဆဒုံး နိုဝင်ဘာ ၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ ၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီတွင် ကျင်းပခဲ့သည်၊၊

အဆိုပါ အခမ်းအနားတွင် ဆဒုံးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ခင်မာဝင်းက မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်သည့် အမျိုးသားနေ့ကို အစဥ်အမြဲ သတိရစေရန် ရည်ရွယ်ချက်ဖြင့် ဟောပြောပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း ပြောကြားပြီး မြန်မာတို့၏ အမျိုးသားယဥ်ကျေးမှု၊ ဇာတိမာန်၊ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အမျိုးသားနေ့သည် ပထမအကြိမ်မြောက် ကျောင်းသားသပိတ်ကြီး ၁၉၂၀ ခုနှစ်မှ ပေါက်ဖွားလာသော လွတ်လပ်ရေး ကြိုးပမ်းချက်တစ်ရပ် ဖြစ်ကြောင်း၊ လူငယ်လူရွယ်များ မျိုးချစ်စိတ်ဓာတ်များအစဥ် ကိန်းအောင်းလာစေရန် စသည့် အကြောင်းအရာ များကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်၊၊

ဟောပြောပွဲသို့ ဆဒုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး တက်ရောက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်၊၊

ခင်မာဝင်း(ဆဒုံး)