ဟိုပန် နိုဝင်ဘာ ၁၅
၂၀၂၂ ခုနှစ် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ "အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ" အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ဟိုပန်မြို့၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က Talk Show ရိုက်ကူးရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ ဟိုပန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ(ရွှေဝါ)မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ချစ်စုနှင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဆောင်ပုဒ်နှင့် ဦးတည်ချက်များ စသည့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို အွန်လိုင်းမှတစ်ဆင့် We Love Hopang Page နှင့် ဟိုပန်ခရိုင် ပြည်သူ့စာကြည့်တိုက် Page များ၌ လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)