ပင်လုံ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ ပင်လုံအရှေ့ကျေးရွာအုပ်စု ကျူရုံးကျေးရွာ အမက မူလွန်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် (၁၁:၀၀)နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး၊ ကျောင်းသားလူငယ်များအား အသိ ပညာပေးအကြောင်းအရာများ ဟောပြောခဲ့ပါသည်။ ယင်းနောက် ကျောင်းသားလူငယ်များအား ကာတွန်းရုပ်ပုံလေးများအား ဆေးရောင်ခြယ်စေခြင်း၊ ပုံပြင်စာအုပ်များ ဖတ်ရှူစေခြင်းအား ပြုလုပ်ဆောင်ရွက်ပေးရာ ကျောင်းသား/ကျောင်းသူလေးများမှ စိတ်ပါဝင်စားစွာဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဆရာ /ဆရာမများနှင့် ကျောင်းသားလူငယ်များ စိတ်ဝင်စားသည့် စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ပြီး တစ်ပတ်လျှင် တစ်ကြိမ် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)