နောင်ချို နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက စာစီစာကုံးပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ “ ရင်ဝယ်မမေ့အမျိုးသားအောင်ပွဲနေ့” ခေါင်းစဉ်ဖြင့် မူလတန်းအဆင့် စာစီစာ ကုံးပြိုင်ပွဲအား ပြုလုပ်ဆောင်ရွက်ရာ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေး အပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) စာစီစာကုံးပြိုင်ပွဲအား ပြုလုပ်ဆောင်ရွက်ရခြင်းသည် ကျောင်းသား၊ ကျောင်းသူလေးများ အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်းကို မမေ့မလျော့ကြစေရန်နှင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်များ ရင်ထဲတွင် ထာဝစဉ်ကိန်းအောင်နေစေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)