မူဆယ်မြို့ အ.ထ.က ကျောင်းများတွင် (၁၀၂) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ပြုလုပ်

မူဆယ် နိုဝင်ဘာ  ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့  အ.ထ.က (၁)၊ (၂)၊ (၃) ကျောင်းများတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က  (၁၀၂) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက လာမည့် နိုဝင်ဘာ(၁၇) ရက်နေ့တွင် ကျရောက်မည့် အမျိုးသားနေ့အတွက် ကျောင်းသူ/ သားများအား အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ မျိုးချစ်စိတ်ဓာတ်များရှင်သန် တက်ကြွ စေရန်၊ မြန်မာ့လူငယ်မျိုးဆက်သစ်ကောင်းများ ဖြစ်လာစေရန်ရည်ရွယ်၍  အမျိုးသားနေ့ စတင် ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများ၊ အမျိုးသားနေ့နှင့်ပက်သက်သည်များကို အ.ထ.က(၁) နှင့်(၂) ကျောင်းများသို့လည်းကောင်း ဟောပြောခဲ့သည်။ ဆက်လက်၍ မွန်းလွဲ ၁ နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ဦးကလည်း (၁၀၂)နှစ် မြောက် အမျိုးသားနေ့အထိမ်းအမှတ်အကြိုအဖြစ် အမျိုးသားနေ့နှင့်ပက်သက်သည်များကို အ.ထ.က (၃) ကျောင်းတွင်လည်းကောင်း ကျောင်းသူ/ သားများကို ဟောပြောခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)