မိုင်းယု နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအားချာက “အမျိုးသားအောင်ပွဲနေ့ဆိုသည်မှာ ကိုလိုနီနယ်ချဲ့ လက်အောက်ခံဘဝ ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက် (တန်ဆောင်မုန်းလပြည့်ကျော် ၁၀) ရက်နေ့တွင် တက္ကသိုလ် ကျောင်းသားများက ရန်ကုန်တက္ကသိုလ်အက်ဥပဒေမူကြမ်းကို သပိတ်မှောက်ဆန္ဒပြခဲ့ ကြရာမှအစပြုကာ “အမျိုးသားအောင်ပွဲနေ့”ဟူသော သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီး ပေါ် ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသားအောင်ပွဲနေ့ရောက်တိုင်း အမျိုးသားရေးစိတ်ဓာတ်၊ ညီညွတ်ရေးစိတ်ဓာတ်များ ရှင်သန်လာစေဖို့ရည်ရွယ်ပြီး အမျိုးသားအောင်ပွဲနေ့ကို နှစ်စဉ်ကျင်းပလာခဲ့ရာ၌ ယခုဆိုရင် နှစ်ပေါင်း(၁၀၂)နှစ်မြောက်ပြီ ဖြစ်ကြောင်း” ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ကျောင်းသား၊ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ ကြကြောင်း သိရသည်။
အားချာ