မုဒုံမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

မုဒုံ နိုဝင်ဘာ ၁၄

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ၂၀၂၂  ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ဖြန့်ဝေပေးသည်။

ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမျိုးသားအောင်ပွဲနေ့  ဖြစ်ပေါ်လာပုံအကြောင်းများကို ကျောင်းသား လူငယ်များ အသိပညာဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ကျောင်းသား/ သူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။ အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏အမည်စာရင်း၊ အမျိုးသားရေးဆောင်ပုဒ်များ ၊ ကဗျာ၊ ကာတွန်း စသည့် အမျိုးသားရေးနှင့် ပတ်သက်၍ ရေးသားဖော်ပြထားကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)