မံစီ နိုဝင်ဘာ ၁၄
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်နှင့် နံရံကပ်စာ စောင်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ပြည်သူများ၊ ကျောင်းသားကျောင်းသူ လူငယ်များ အမျိုးသားအောင်ပွဲနေ့အကြောင်းကို သိရှိစေရန်နှင့် စာကြည့်တိုက်များကို ပိုမိုအသုံး ချတတ်လာပြီး စာပေများကိုလေ့လာဖတ်ရှုကာ စာပေအသိပညာ ဗဟုသုတများ မြင့်မားလာစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး အသိပညာဗဟုသုတများစွာရရှိစေမည့် သုတ ရသ စာအုပ်စာစောင်များနှင့် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး၊ လူကုန်ကူးခြင်းဆိုင်ရာ အသိပညာပေး၊ ကလေး သူငယ်အလုပ်သမား ပပျောက်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး၊ မျောက်ကျောက်ရောဂါ အကြောင်း အသိပညာပေး စသည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများနှင့် စာဖတ်ပရိတ်သတ်များ စိတ်ဝင်တစားလာရောက် လေ့လာကြည့်ရှုခဲ့ ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)