တပ်ကုန်း နိုဝင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ညောင်တုန်းအိုင်ကျေးရွာအုပ်စုတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုး/မိုးနှောင်းချည်မျှင်ရှည်ဝါ တစ်ဧကပိဿာ(၁၀၀၀)ထွက်ရှိရေး စံပြကွက်(၅၀ ဒသမ ၀၀)ဧက အောင်မြင်ဖြစ်ထွန်းနေမှု ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ကွင်းအမှတ် ၂၀၃၃/၂၀၃၆ ကွင်း၊ ညောင်တုန်းအိုင်ကျေးရွာ၊ တောင်သူဦးကိုကို၏ ရွှေတောင်(၁၀)ဝါစိုက်ခင်းတွင် ကျင်းပသည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ ညွှန်ကြားရေးမှူးဒေါ်အေးမီမီစိုးက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်က ချည်မျှင်ရှည်ဝါစိုက်ပျိုးရ ခြင်းရည်ရွယ်ချက်များပြောကြား၍လည်းကောင်း၊ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးကတောင်သူများအား စိုက်ပျိုးရေးနှင့်ပတ်သက်သည့်လုပ်ငန်းကိစ္စရပ်များ လမ်းညွှန်စကားများပြောကြားခဲ့သည်။ ထို့နောက် တပ်ကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းညွန့်က မိုး/မိုးနှောင်းချည်မျှင်ရှည်ဝါ တစ်ဧကပိဿာ(၁၀၀၀)ထွက်ရှိရေး စံပြကွက်စိုက် ပျိုးထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြ၍လည်းကောင်း၊ Morning Star ကုမ္ပဏီလီမိတက်မှ တာဝန်ခံဦးဇော်ဇော်ဝင်းက အာဟာရပြည့်ရွက်ဖျန်းအားဆေးပက်ဖျန်းခြင်းဖြင့် ရရှိသောအကျိုး ကျေးဇူးများ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တာဝန်ရှိသူများက ဝါစိုက်တောင်သူများအား မောနင်း စတားရွက်ဖြန်းအားဆေးရည်ပုလင်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ညောင်တုန်းအိုင်ကျေးရွာအုပ်စုအတွင်းရှိ ဝါစိုက်တောင် သူ(၆၀)ဦးခန့်နှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုး/မိုးနှောင်းချည်မျှင်ရှည်ဝါ တစ်ဧက ပိဿာ(၁၀၀၀)ထွက်ရှိရေး စံပြကွက်(၅၀ ဒသမ ၀၀)ဧက အောင်မြင်ဖြစ်ထွန်းနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်