ချောင်းဆုံ နိုဝင်ဘာ ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ (ပြန်/ဆက်၊အား/ကာ) ဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်(၁၀)နာရီက ချောင်းဆုံမြို့နယ် ကွမ်သဲ(အ.ထ.က) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဦးကျော်ကျော်အောင်က အမျိုးသားနေ့ စတင်ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းများ ကိုလည်းကောင်း၊၊ (အား/ကာ)ဌာနမှ (ကြီး/ရေး) ဒေါ်သီသီအေးက ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ အားကစားမှ အကျိုးပြုနိုင်သည့် အချက်များ အားကစားပြုလုပ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများကို လည်းကောင်း၊ ဟောပြော ခဲ့သည်။
ထို့နောက် (အား/ကာ)ဌာနမှ အားကစားပစ္စည်းများနှင့် လက်ကမ်းစာစောင်များ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျောင်းသား/သူများအား အဆိုပါအဖွဲ့မှ မေးခွန်းအမေး/ဖြေများ မေးမြန်းခြင်း၊ ပညာပေးနံရံကပ်စာစောင်များပြသခြင်း၊ လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ဟောပြော ပွဲတွင်ကျောင်းသား/သူ(၂၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)