ကွမ်းလုံ နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲကျင်းပရေးကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ကွမ်းလုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်မှ ယခုလုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် ကွမ်းလုံမြို့နယ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် လစ်လပ်နေသည့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ရွေးချယ်နိုင်ရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ လျာထားစာရင်း(၈)ဦးတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥက္ကဋ္ဌတစ်ဦးနှင့် အဖွဲ့ဝင်(၅)ဦးစုစုပေါင်း(၆)ဦးကို ရွေးချယ်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှလည်း ဝိုင်းဝန်းဆွေးနွေး အကြံပြုစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူးဦးကောင်းခန့်မှ အစည်းအဝေးကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ လိုအပ်သည်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရွေးကောက်ပွဲကျင်းပရေးကော်မတီမှအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ကွမ်းလုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် လစ်လပ်နေသည့်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်စုစုပေါင်း(၆)ဦးအား ရွှေးချယ်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)