တန့်ယန်းမြို့နယ်တွင် မြို့တွင်းလမ်းများကောင်းမွန်စေရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်

တန့်ယန်း နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့တွင်းလမ်းများ ကောင်းမွန်လာစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ယူ၍ ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ မြဝတီမင်းကြီးလမ်း ကတ္တရာထပ်ပိုးလွှာခင်းနေမှုအား မြို့နယ်မှတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ မြဝတီမင်းကြီးလမ်း ကတ္တရာထပ်ပိုးလွှာ စတင်ခင်းပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးနေလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်တို့က ကြည့်ရှုစစ်ဆေးကြ၍ မြို့နယ်စည်ပင်သာယာရေးဌာနမှ အငယ်တန်းအင်ဂျင်နီယာ(၂) ဒေါ်ခိုင်ပွင့်ဝေက ရှင်းလင်းတင်ပြခဲ့ရာ အရှည်(၉၀၀)ပေ၊ အကျယ်(၁၈)ပေရှိ လမ်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ခွင့်ပြုရန်ပုံ‌ငွေကျပ်သန်း(၂၃ ဒဿမ ၉၀)ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)