မိုင်းပန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

မိုင်းပန် နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လည် (၂)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

စကားဝိုင်းဆွေးနွေးပွဲတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်မိသားစုစည်းရုံးရေးနှင့်စည်းကြပ်ကော်မတီ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မဉ္ဇူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အိရွှေစင်လတ်ကစကားဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်အသင်းအဖွဲ့ဥက္ကဌ ဒေါ်အေးမဉ္ဇူ ကအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ လက်ရှိအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးနေသည့်လုပ်ငန်းများကိုလည်းကောင်း၊ မိုင်းပန်မြို့နယ် အသင်းအဖွဲ့ဝင် ဒေါ်နီဇာလှိုင်ကမိမိတို့မျိုးနယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်(၁)နှစ်အောက်ကလေးများနှင့် သက်ကြီးဘိုဘွားများအား ထောက်ပံ့ငွပေးအပ်ခြင်း၊ အာဟာရပစ္စည်းများ ထောက်ပံ့ပေးနေမှုအခြေအနေများအားလည်းကောင်း ရှင်းလင်းဆွေးခဲ့ပြီးတက်ရောက်လာကြသောအဖွဲ့ဝင်များက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။

မိုင်းပန်(ပြန်/ဆက်)