ပန်ဆိုင်း နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ကျရောက်သော (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲအား ယနေ့နံနက် (၁၁)နာရီခွဲ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်ဆိုင်း(ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဇင်မာဖြိုးက ကျောင်းသား/ကျောင်းသူများအား အမျိုးသားအောင်ပွဲနေ့ အကြောင်းသိရှိစေရန်နှင့် မျိုးချစ်စိတ်ဓာတ်များ ပိုမိုရင့်သန်လာစေရန် စာအုပ်စာပေများကို လေ့လာဖတ်ရှု့စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ အားကျင်းပပြုလုပ်ရာ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၇)ဦးတို့မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
ပန်ဆိုင်း(ပြန်/ဆက်)