လားရှိုး နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက် (၁၁)နာရီအချိန်က အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲနှင့်ဉာဏ်စမ်းပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာလုံးပေါင်းသတ်ပုံရွေးချယ်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက ဟောပြောပွဲဖြစ်မြောက်ရေး ပူးပေါင်းဆောင်ရွက်ပေးသော လားရှိုးမြို့နယ်စာရေး ဆရာအသင်ဥက္ကဋ္ဌ စာရေးဆရာ ကောင်းညွန့်ဝေ(ရေစကြို)နှင့် စာရေးဆရာမ မမ(လားရှိုး)နှင့် တာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး လူထုအခြေပြုဗဟိုဌာန Comminity Centre တွင် ဆောင်ရွက်လျက်ရှိသော ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လားရှိုးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ပြိုင်ပွဲများတွင် ဆုရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လားရှိုးမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးညွန့်ဝေ(ကောင်းညွန့်ဝေ-ရေစကြို)က “အမျိုးသားအောင်ပွဲနေ့”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဒေါ်ခင်သန်းနွဲ့(မမ-လားရှိုး)က “လူငယ်နှင့်မျိုးချစ်စိတ်၊ ဇာတိမာန်”ခေါင်းစဉ်ဖြင့်လည်းကောင်းဟောပြောခဲ့ပြီး အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) ဉာဏ်စမ်းပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာလုံးပေါင်းသတ်ပုံ ရွေးချယ်ပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး