မဟာ‌အောင်မြေမြို့နယ်၊ အမှတ်(၂ )အခြေခံပညာအလယ်တန်းကျောင်းခွဲ၌  စာအုပ်၊စာစောင်ပြပွဲ ပြုလုပ်

မဟာအောင်မြေ နိုဝင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့်  ကျောင်းသား/သူများ စာပေဖတ်ရှုမှု လွယ်ကူစေရန်၊ မိမိတို့ ကြိုက်နှစ်သက်သည့် စာအုပ်စာပေများကို ဖတ်ရှုနိုင်စေရန် ရည်ရွယ်ပြီး ယနေ့နံနက်(၉)နာရီ အချိန်ကအမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စာအုပ်၊စာစောင်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ စာအုပ်၊စာစောင်ပြပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က စာအုပ်၊စာ‌စောင်ပြပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့ပြီး၊  စာပေဖတ်ရှုသည့် ကျောင်းသားသူများက ခင်းကျင်းပြသထားသည့် သုတ၊ရသ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ဂျာနယ်၊ရုပ်ပြစာအုပ်စာစောင်များအား ကြည့်ရှုခဲ့ကြပြီး မိမိကြိုက်နှစ်သက်ရာ စာအုပ်၊ စာစောင်များအား ငှားရမ်းဖတ်ရှုခဲ့ကြောင်းသိရသည်။

ယခုလို စာအုပ်၊စာစောင်ပြပွဲကို ငှားရမ်းဖတ်ရှုအားပေးကြသည့်  စာပေဖတ်ရှုသည့် ဆရာ၊ ဆရာမများ ကျောင်းသား/သူများအား  ကျေးဇူး တင်ရှိပါကြောင်း ဦးစီးအရာရှိ ဦးဘိုဘိုဟန်မှ ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

အောင်ဇော်မင်း