ရမ်းဗြဲမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရမ်းဗြဲ    နိုဝင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲ ၁ နာရီကလူစည်ကားရာနေရာများနှင့် အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း(ပုလုပ်တောင်) မှ ကျောင်းသား/ကျောင်းသူများနှင့်ဆရာ/ဆရာမများအားအခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင်  (၁၀၂)နှစ်မြောက်  အမျိုသားအောင်ပွဲနေ့ ဦးတည်ချက်များပညာရေးမျှော်မှန်းချက်၊  ရန်ကုန်ယူနီဗာစတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသောကျောင်းသားကြီး (၁၁)ဦး၏ အမည်စာရင်းများ၊ ဘိုမျိုး (ရွှေဘို) ရေးသားသည့် သူ့ကျွန်မခံ အမျိုးသားမာန်(ကဗျာ)၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်၏  ၂၈-၁၁-၂၀၂၁  ရက်နေ့တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှကောက်နုတ်ချက်နှင့် ဗိုလ်ချုပ်အောင်ဆန်း(၂၃-၁-၁၉၄၆)ရက်နေ့ ဖဆပလပြည်လုံးကျွတ်ညီလာခံကြီးတွင်တင်သွင်းသော ညီညွတ်ရေးအဆိုမှ ကောက် နုတ်ချက် စသည့်တို့ကို အရောင်အသွေးစုံလင်စွာဖြင့် ဝေဝေဆာဆာဖေါ်ပြပါရှိသည်။

၎င်း သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများနှင့်ကျောင်းသား/ကျောင်းသူများ ဗဟုသုတ များရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံးဝန်ထမ်းများက လူစည်ကားရာနေများနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး  အခမဲ့ဖြန့်ဝေ ပေးခဲ့ကြကြောင်းသိရသည်။

အောင်နိုင်(ပြန်/ဆက်)