စမ်းချောင်း နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ကျောင်းသား/သူများ နေ့ထူးနေ့မြတ်များအကြောင်း အသိပညာဗဟုသုတများရရှိစေရန်၊ စာကြည့်တိုက်သို့ ဝင်ထွက် သွားလာတတ်သည့် အလေ့အကျင့်ကောင်းများနှင့် စာကြည့်တိုက်ကို အသုံးပြုတက်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်စေရန် ရည်ရွယ်၍(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ငြိမ်းချမ်းဝင်းက အမျိုးသားအောင်ပွဲနေ့ပေါ်ပေါက်လာပုံ၊ အမျိုးသားအောင်ပွဲနေ့နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို အသိပညာပေးပြောကြားပြီး ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ကျင်းပရာ အမှတ်(၁၃)အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/သူ(၁၅)ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း