မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းဆောင်ရွက်

မာန်အောင်  နိုဝင်ဘာ ၁၄

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ရုံးဝန်ထမ်းများမှ ယနေ့ နံနက်၁၁နာရီက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့သစ် ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးသို့သွားရောက်၍ ဝန်ထမ်းများအား စာအုပ်၊စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများနှင့် စာဖတ်ပရိတ်သတ်များအား  စာအုပ်၊စာစောင်ကို လေ့လာဖတ်ရှုမှု ပိုမိုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိ ဉာဏ်ပညာဗဟုသုတ များတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ရည်ရွယ်၍ Mobile Library ဖြင့် သုတ၊ ရသ၊ ရုပ်ပြ၊ ဝတ္တု၊မဂ္ဂဇင်း၊စာစောင်  စသည့် စာအုပ်(၉၀) ကျော်ဖြင့် မြို့သစ်ရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ရုံးရှိ ဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးခဲ့သည်။

မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် စာဖတ်သူများ အဆင်ပြေစေရန်  Mobile Library ဖြင့် စာအုပ်စာစောင်များ(အခမဲ့)တစ်ပတ်ငှားရမ်းပြီး အသစ်လဲလှယ်စနစ်ဖြင့် အပတ်စဉ် ပုံမှန်ကွင်းဆင်းငှားရမ်းဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)