(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်  ဆေးရောင်ခြယ် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

တပ်ကုန်း နိုဝင်ဘာ ၁၄

၂၀၂၂- ခုနှစ် နိုဝင်ဘာ ၁၇ရက်နေ့တွင် ရောက်ရှိမည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင် ပွဲနေ့အထိမ်းအမှတ်ဆေးရောင်ခြယ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပသည်။ 

အဆိုပါအခမ်းအနားတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင့်တင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာစောင်ချစ်မြတ်နိုးတတ်စေရန်နှင့် ဉာဏစွမ်းရည်ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများစဉ်ဆက်မပြတ်ကျင်းပပေးလျက်ရှိကြောင်း အဖွင့်အမှာစကားပြောကြားပြီးနောက် တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း (ခွဲ)မှ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်  “မျိုးချစ်စိတ်အရင်းခံ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်”ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပါဝင်ယှဉ်ပြိုင်၍လည်းကောင်း၊ မူလတန်းအဆင့်ကျောင်း သား၊ကျောင်းသူ(၁၅)ဦးက “အမျိုးသားနေ့” ခေါင်းစဉ်ဖြင့် ဆေးရောင်ခြယ်ပါဝင်ယှဉ်ပြို်ငခဲ့ကြသည်။ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးနိုင်လင်း၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်နှင့် တာဝန်ရှိသူများက ဆုဆိပ်များနှင့်ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများအား သုတ၊ ရသစာအုပ်စာစောင်များ ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်